ဝေးလံခေါင်ဖျားဒေသသတင်းများ

တွန်းဇံမြို့ ပြည်သူ့ဆေးရုံ Isolation Room အတွက် ပစ္စည်းများ လာရောက် လှူဒါန်းပေးလျက်ရှိ

ချင်းပြည်နယ်၊ တွန်းဇံမြို့ ပြည်သူ့ဆေးရုံ Isolation Room အတွက် လိုအပ်လျက်ရှိသော ပစ္စည်းများနှင့် တွန်းဇံမြို့ ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအတွက် စိတ်ဓာတ်ခွန်အား၊ ကိုယ်ကာယခွန်းအားများ ပြန်လည်ဖြည့်တင်းနိုင်စေရေးအတွက် စေတနာရှင် ပြည်သူများမှ အလှူငွေနှင့်ပစ္စည်းများ လာရောက်လှူဒါန်း ပေးလျက် ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦစီးဌာနမှူးထံမှ သိရသည်။

တွန်းဇံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်အတွင်းရှိ လူသွားလူလာများပြားသည့် လမ်းဆုံများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် ယနေ့နံနက်(၈)နာရီအချိန်မှစ၍ Mask Campaignကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သည်။

လွိုင်ကော်မြို့နယ်အတွင်းရှိ သီလရှင်ကျောင်းများနှင့် မိဘမဲ့ဂေဟာကျောင်းများ၌ ပြည်နယ်ခေတ္တဝန်ကြီးချုပ်မှ ခရစ္စမတ်လက်ဆောင်များ သွားရောက်ပေးအပ်

ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘောစ့်ကိုနှင့် တာဝန်ရှိသူတို့သည် ယနေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့နယ် အတွင်းရှိ သီလရှင်ကျောင်းများနှင့် မိဘမဲ့ ဂေဟာကျောင်းများ၌ ခရစ္စမတ် လက်ဆောင်များ သွားရောက် ပေးအပ်ခဲ့သည် ။

လိုင်လင်းပီမြို့ တိုက်နယ်ဆေးရုံအတွက် ဆေးရုံသုံးစက်ပစ္စည်းများ ပြည်ပရောက် အလှူရှင်များမှ လှူဒါန်း

ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့ တိုက်နယ်ဆေးရုံအတွက် ပြည်ပရောက် အလှူရှင်များမှ စုပေါင်းလှူဒါန်းသည့် ငွေ ၁,၀၄၅,၀၀၀ (ကျပ်ဆယ်သိန်းလေးသောင်းငါးထောင်)တန်ဖိုးရှိ 12" Pt Monitor တစ်လုံးနှင့် Suction Machine တစ်လုံးလှူဒါန်းခြင်းကို အဆိုပါတိုက်နယ်ဆေးရုံ၌ ယနေ့ နံနက် ၉ နာရီအချိန်တွင် ပြုလုပ်ခဲ့ကြသည်။

ရိခေါ်ဒါရ်၌ ရန်ပုံငွေကျပ်သန်း (၂၄၀)ကျော်ဖြင့် စည်ပင်ရိပ်သာအဆောက်အဦး တစ်လုံး ဆောက်လုပ်မည်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၌ စည်ပင်သာယာရေးအဖွဲ့ပိုင် စည်ပင်ရိပ်သာ အဆောက်အဦးတစ်လုံးကို စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်းရန်ပုံငွေ ကျပ်သန်း(၂၄၈.၇၂၄)ဖြင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖလမ်းခရိုင်အဆင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဖလမ်းခရိုင်အဆင့် ကလေးငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်း အဝေးကို ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီခွဲတွင် ဖလမ်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ပြုလုပ်သည်။

ချီဖွေမြို့၌ တစ်နိုင်တစ်ပိုင်သစ်ကြားသီးစိုက်ခင်းမှ မိသားစုဝင်ငွေရရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နှင့်(၅)မိုင်(၂)ဖာလုံခန့်အကွာ ဘာလဲ့ဝမ်ထယ် ကျေးရွာချင်းဆက် လမ်းပေါ်တွင် တည်ရှိသည့် တစ်နိုင်တစ်ပိုင် ဝမ်ထယ်သစ်ကြားသီးစိုက်ခင်းမှ မိသားစုဝင်ငွေ ရရှိလျက် ရှိကြောင်း သိရှိရသည်။

ဆွမ်ပရာဘွမ်မြို့နယ် ခါ့ကရန်းယန်ကျေးရွာ၌ အ.လ.က ကျောင်းဆောင်သစ်ပန္နက်ရိုက် အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ ခါ့ကရန်းယန်ကျေးရွာ အလက ကျောင်း‌ဆောင် သစ်ပန္နက်ရိုက်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကန်ပိုက်တီမြို့၌ ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ကန်ပိုက်တီမြို့ အမှတ် (၁)၊(၂)၊(၃) ရပ်ကွက်တို့တွင် ကိုဗစ် - ၁၉ ရောဂါနှင့်ပတ်သက်သည့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို ည ၆ နာရီမှ ၈ နာရီခွဲချိန်ထိ ဌာနဆိုင်ရာအစုအဖွဲ့များက အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Mask Campaign ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး Mask Campaign ပြုလုပ်ခြင်းအား ယနေ့ နံနက် ၆ နာရီ အချိန်ခန့်က မြို့မစျေးနှင့် ယာယီပျံကျစျေးတို့၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ