လိုင်လင်းပီမြို့ တိုက်နယ်ဆေးရုံအတွက် ဆေးရုံသုံးစက်ပစ္စည်းများ ပြည်ပရောက် အလှူရှင်များမှ လှူဒါန်း

လိုင်လင်းပီ ဒီဇင်ဘာ ၂၄

ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့ တိုက်နယ်ဆေးရုံအတွက် ပြည်ပရောက် အလှူရှင်များမှ စုပေါင်းလှူဒါန်းသည့် ငွေ ,၀၄၅,၀၀၀ (ကျပ်ဆယ်သိန်းလေးသောင်းငါးထောင်)တန်ဖိုးရှိ 12" Pt Monitor တစ်လုံးနှင့် Suction Machine တစ်လုံးလှူဒါန်းခြင်းကို  အဆိုပါတိုက်နယ်ဆေးရုံ၌ ယနေ့ နံနက် နာရီအချိန်တွင် ပြုလုပ်ခဲ့ကြသည်။

အဆိုပါ လှူဒါန်းပွဲ၌ ဆေးရုံသုံးပစ္စည်းများ အလှူခံရရှိမှု နှင့်ပတ်သက်၍ တိုက်နယ်ဆေးရုံတာဝန်ခံ ဒေါက်တာအောင်မျိုးသူမှ ''ကျွန်တော်တို့  တိုက်နယ်ဆေးရုံမှာ လိုအပ်လျက်ရှိတဲ့ Monitor Machine နှင့် Suction Machine တွေ လှူဒါန်းပေးကြတဲ့ အလှူရှင်တွေအားလုံးကို အထူးပဲကျေးဇူးတင်ကြောင်း ပထမဦးဆုံး ပြောချင်ပါတယ်။ လိုင်လင်းပီမြို့ဟာ ဝေးလံခေါင်သီတဲ့ဒေသဖြစ်သည့် အားလျော်စွာ သွားလာရေး ခက်ခဲပါတယ်။ ဆေးရုံမှာ ဒီလိုစက်တွေရှိလာခြင်းကြောင့် လိုအပ်တဲ့လူနာတွေအတွက် အသုံးပြုပေးခြင်းအားဖြင့် ဆေးရုံအတွက်ရော လူနာတွေအတွက်ပါ အင်မတန်မှ အကျိုးရှိစေတဲ့ လှူဒါန်းမှုဖြစ်ပါတယ် ဟု ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ပြည်ပရောက် အလှူရှင်များမှလှူဒါန်းသည့် စက်ပစ္စည်းများအား အလှူရှင်များကိုယ်စား မိသားစုဝင်များမှ ပေးအပ်ကြရာ ဒေါက်တာအောင်မျိုးသူမှ လက်ခံရယူပြီး လှူဒါန်းပေးကြ သည့် အလှူရှင် မိသားစုဝင်များအား ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပြန်လည် ပေးအပ်ကြကြောင်း သိရသည်။

ယာကမ်(ပြန်/ဆက်)