သရက်မြို့၌ သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ အကျိုးခံစားခွင့် ၄၀ရာခိုင်နှုန်းနှင့် ပညာသင်စရိတ်ထောက်ပံ့မှု အကျိုးခံစားခွင့်များ ပေးအပ်
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ လူမှုဖူလုံရေးရုံးတွင်မှတ်ပုံတင်ထားရှိသော အလုပ်ဌာန(၂၉)ဌာနမှ အာမခံ အလုပ်သမားများသို့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အချိန်ပြည့်ပညာသင်ကြားနေသော ပညာသင်ဆိုင်ရာ မိသားစုအကျိုးခံစားခွင့်နှင့် မန္တလေးငလျင်ဘေးသင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ရာခိုင်နှုန်း ပေးအပ်ခြင်းအခမ်းနားကို ယမန်နေ့ နံနက်(၁၀)နာရီက သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ကျင်းပသည်။