နမ့်စန်မြို့နယ်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲအတွက် လူရွေးချယ်ဆောင်ရွက်

နမ့်စန်() ဇွန် ၈

ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဇွန်လ ၂၃ ရက်နေ့၌ကျင်းပမည့် ၂၀၂၆ ခုနှစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ် ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နမ့်စန်မြို့နယ်တွင် ပြေးခုန်ပစ်အားကစားသမားများ လူရွေးချယ်ပွဲကို ယနေ့နံနက်၉နာရီက အမှတ်(၂)ရပ်ကွက်ရှိ အ.ထ.က(နမ့်စန်) အားကစားကွင်းတွင် ဆောင်ရွက်ခဲ့သည်။

မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးစောနိုင်ဝင်း၊ နည်းစနစ်မှူး ဦးအေးချမ်းနိုင်နှင့်တာဝန်ရှိသူများက (ကျား/မ)မီတာ(၁၀၀)၊မီတာ(၂၀၀)၊ မီတာ(၄၀၀)၊ မီတာ(၈၀၀)၊ မီတာ(၁၅၀၀)၊ မီတာ(၃၀၀၀)၊ လမ်းလျှောက်မီတာ(၅၀၀၀)နှင့် မီတာ(၁၀၀၀၀)၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်၊ အလျားခုန်၊ အမြင့်ခုန်နှင့် သုံးဆင့်ခုန် ပြိုင်ပွဲများပြုလုပ်၍ စနစ်တကျရွေးချယ်ဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့်ကိုယ်ပိုင် အထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၇၀)ဦးခန့် လာရောက်ယှဉ်ပြိုင် အရွေးချယ်ခံခဲ့ကာပဏာမကစားသမား (၃၆)ဦး ရွေးချယ်ခဲ့ပြီး စခန်းသွင်းလေ့ကျင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)