တံတားဦးမြို့နယ် သစ်တောဦးစီးဌာန၌ ၂၀၂၆ ဘဏ္ဍာနှစ်တွင်ပြုစုပျိုးထောင်ထား  

တံတားဦး ဇွန် ၈

မန္တလေးတိုင်းဒေသကြီးတံတားဦးမြို့နယ် သစ်တောဦးစီးဌာန၌ ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြုစုပျိုးထောင်ထားရှိသောသစ်မျိုးများပျိုးထောင်ထားရှိမှုကို ယနေ့နံနက် ၁၁ နာရီက ခရိုင် သစ်တောဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်အေး-၃သည် တံတားဦး(စဉ့်ကိုင်တွဲ) လူထုဖြန့်ယာယီသင်ပန်းပျိုးဥယျာဉ်တွင် ပျိုးထောင်ထားရှိမှုကိုကွင်းဆင်းစစ်ဆေးသည်။

ပျိုးပင်များပြုစု ပျိုးထောင်ထားရှိမှုနှင့်ပတ်သက်၍ သစ်တောဦးစီးဌာန တံတားဦး(စဉ့်ကိုင်တွဲ)  သစ်တောဦးစီးမှူး ဦးကျော်ဇင်မြင့်ဦးက ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြီး လူထုဖြန့် ပျိုးပင်များဖြန့်ဝေပေးရာတွင် အမြင့် ၂ ပေနှင့်အထက် ပျိုးပင်များကိုဖြန့်ဝေပေးရေး၊ သစ်ပင် စိုက်ပျိုးပွဲတော်များတွင် အသုံးပြုမည့် ပျိုးပင်များကိုသီးခြားထားရှိပြီးပြုစုထိန်းသိမ်းရေး၊ ၂၀၂၇ ခုနှစ်၊ မိုးရာသီအတွက် ပြည်သူလူထုဖြန့်ဝေရေးဒေသမျိုးပျိုးပင်များကိုကြိုတင်စုဆောင်းရေး၊ သစ်ပင်စိုက်ပျိုးပွဲတွင် အသုံးပြုမည့် ပစ္စည်းများကြိုတင်ထားရှိရေးနှင့် သစ်ပင်စိုက်ကျင်းများကိုလည်း စနစ်တကျ ဆောင်ရွက်ထားရှိရေးကိုလမ်းညွှန်ခဲ့ကြောင်းသိရသည်။

ရဲတင့်(ပြန်/ဆက်)