ငါ့သရောက်မြို့ တွင် Mobile Library စနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များ ငှားရမ်းပေး
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ စာပေဖတ်ရှုရာမှ ရရှိသည့် ပညာဗဟုသုတများ တိုးပွားစေရန် စာအုပ်စာစောင်များကို Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာ ရုံးများအရောက် ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် မြို့မီးသတ်ဦးစီးဌာနရုံးများရှိ ဝန်ထမ်းများအား စာအုပ်စာစောင် များကို(အခမဲ့) ငှားရမ်းပေးခဲ့ကြောင်း သိရသည်။