ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ကျောင်းသား/ကျောင်းသူ လူငယ်များအတွက် စာစီစာကုံးရေးသားနည်း နွေရာသီသင်တန်း အခမဲ့ဖွင့်လှစ်
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ စာပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာစီစာကုံးရေးသားနည်းသင်တန်း (အခမဲ့) ကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ဖွင့်လှစ်သင်ကြားသည်။