အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

အုတ်တွင်း ဧပြီ ၂၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း‌၍ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်ဖြင့်ပြုလုပ်သော စာဖတ်ဝိုင်းကို ယမန်နေ့ညနေပိုင်းက အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်း က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ကနဦးအနေဖြင့်ရှင်းလင်းပြောကြားပြီး စာအုပ်စာ စောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဆရာဦးဘုန်းမြင့်ကိုက “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာစာအုပ်တွင်ပါဝင်သည့် အ‌ကြောင်းအရာများကို ဦးဆောင်ဆွေးနွေးသည်။ ဆက်လက်၍ (Book Club) အသင်းအဖွဲ့နှင့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည့်အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးကြပြီးနောက် ဆွေးနွေးချက်များအားလုံးအပေါ်  ဦးဆောင်သူဆရာဦးဘုန်းမြင့်ကိုက ခြုံငုံသုံးသပ်ဆွေးနွေးပေးခဲ့သည်။

အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ စာပေအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို ၂၀၁၈ ခုနှစ်မှစတင်ကာ လစဉ်ပုံမှန်ပညာပေးဆွေးနွေးလျက်ရှိကြောင်း သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)