ငါ့သရောက် ဧပြီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ စာပေဖတ်ရှုရာမှ ရရှိသည့် ပညာဗဟုသုတများ တိုးပွားစေရန် စာအုပ်စာစောင်များကို Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာ ရုံးများအရောက် ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် မြို့မီးသတ်ဦးစီးဌာနရုံးများရှိ ဝန်ထမ်းများအား စာအုပ်စာစောင် များကို(အခမဲ့) ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ လာရောက်ငှားရမ်းရန် အခက်အရှိသည့် စာဖတ်ပရိသတ်များအတွက် စာဖတ်သူများ အဆင်ပြေစေရန် စာဖတ်သည့် အလေ့အကျင့်များရရှိစေရန်၊ စာဖတ်ရှိန်မြှင့် တင်ရေး ရည်ရွယ်၍ သုတစာအုပ်များ၊ ဝတ္တု၊ မဂ္ဂဇင်းစာအုပ်များ ကလေးများအတွက် ပုံပြင်စာအုပ်များ စုံလင်စွာ မြို့ရုံးအတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၏ လက်ဝယ်အရောက် ငှားရမ်းပေးခဲ့ရာ တတစ်လလျှင် (၂) ရုံး တစ်ရုံးကို (၁)လ (၂) ကြိမ် သွားရောက်ပြီး အလှည့်ကျ ငှားရမ်းပေးလျက်ရှိရာ တစ်ကြိမ်လျှင် စာငှားသူဦးရေ (၃၂) ဦးရှိကြောင်း ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)