တောင်တွင်းကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အမျိုးသမီးများသိထားသင့်သည် ဥပဒေများအကြောင်း ဆွေးနွေးပွဲ၊ စာအုပ်ပြပွဲနှင့် အထင်ကရဓာတ်ပုံပြပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်၍ ပြည်သူများအသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် အမျိုးသမီးများသိထားသင့်သည် ဥပဒေအကြောင်းအရာ အသိပညာပေးလှုပ်ရှားမှုအဖြစ် အထင်ကရမှတ်တမ်းဓာတ်ပုံ၊ စာအုပ်ပြပွဲ၊ ဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန(community centre)ခန်းမတွင် ယနေ့ နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။