ကြံခင်း မေ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက စာရေးဆရာဖေမြင့်ရေးသားသော ‟ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်”စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ကြသည်။
စာဖတ်ဝိုင်းကျင်းပခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားစေပြီး စာပေမှရရှိသော မှတ်သားလေ့လာထားသည်များကို အပြန်အလှန်ပူးပေါင်းဆွေးနွေးတတ်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေမှာဖြစ်သလို သုတ၊ ရသစာပေမျိုးစုံ ငှားရမ်းဖတ်ရှုနိုင်ခြင်းကိုသိရှိစေရန် ကျင်းပခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးအရာရှိဒေါ်ခင်မိုးမြင့်က ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက စာရေးဆရာဖေမြင့်ရေးသားသော "ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်” စာအုပ်ပါ ကြောင်းအရာများအား အပြန်အလှန်ပူးပေါင်းဆွေးနွေးကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသော နံရံကပ်စာစောင်အား စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)