ရန်ကုန်အရှေ့ပိုင်းခရိုင် Community Centre ခန်းမ၌ ဆေးလိပ်နှင့်ကွမ်းယာရှောင်အသိပညာပေး ဟောပြောပွဲကျင်းပ
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး၊ Community Centre ခန်းမ၌ ဆေးလိပ်နှင့်ကွမ်းယာရှောင် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။