တောင်တွင်းကြီး စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ အသိပညာရရှိစေရန်ရည်ရွယ်၍ မျောက်ကျောက်ရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ (၁) နာရီက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဟောပြောဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က ကျောင်းသား၊ ကျောင်းသူများအား မျောက်ကျောက်ရောဂါစတင်ဖြစ်ပွားမှု၊ မျောက်ကျောက်ရောဂါ ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ မျောက်ကျောက်ရောဂါ ကာကွယ်နိုင်မည့်နည်းလမ်းများ၊ မျောက်ကျောက်ရောဂါ ကူးစက်မှုကြောင့် ကမ္ဘာ့ဒေသများတွင် သေဆုံးမှုအခြေအနေနှင့် မျောက်ကျောက်ရောဂါ အများဆုံး ကူးစက်ခံရသည့် နေရာဒေသများအကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး မျောက်ကျောက်ရောဂါဆိုင်ရာ ဗဟုသုတများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့် အကြောင်းအရာများကို ပြန်လည်မေးမြန်းရာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က အသေးစိတ်ပြန်လည် ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ ဟောပြောပွဲသို့ မြို့မအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၀) ဦး တက်ရောက်ခဲ့သည်။
နောင်နောင် (ဗိဿနိုးမြေ)