မြောက်ဥက္ကလာပမြို့နယ်ရှိ သူနာပြုသင်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြော
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသင်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။