သာစည်မြို့ အ-ထ-က (၂) ၌ လူငယ်ရေးရာဟောပြောပွဲနှင့်လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

သာစည် အောက်တိုဘာ ၂၂

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများရရှိစေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံပြီး လူအများရှေ့၌ စကားပြောဆိုရာတွင် ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၈ နာရီခွဲက သာစည်မြို့အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း သူရိယခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ပြုလုပ်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းက ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရေး အသိပညာပေးဟောပြောသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သင်းသင်းက ဦးဆောင်၍ လူငယ်စကားဝိုင်းကို စတင်ရာ Grade-8 မှ မောင်ဖြိုးမင်းသန့်က လူငယ်နှင့်မူးယစ်ဆေး၊ မောင်ဇွဲကောင်းလျှံဝင်းက လူငယ်နှင့်အားကစား၊ မကြည်ဖြူရှင်းသန့်က လူငယ်နှင့်ယဉ်ကျေးမှု၊ မမေသက်ဇော်က လူငယ်နှင့်စာပေ၊ မခွန်းကြယ်စင်မြင့်မိုရ်က လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်များဖြင့်ဆွေးနွေးကြသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့စိမ်းက ကျေးဇူးတင်စကားပြောကြားသည်။

၎င်းနောက် ကျောင်းသား/သူများက အသိပညာပေးပြသထားသော နံရံကပ်စာစောင်နှင့်ဓာတ်ပုံများ၊သုတရသ စာအုပ်များကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်