မြိတ် အောက်တိုဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျောင်းသား/သူ လူငယ်များ အသိပညာဗဟုသုတရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အောက်တိုဘာ (၂၂)ရက် နံနက်ပိုင်းက အထက(၆)နှင့် အထက(၉) ကျောင်းခန်းမတို့တွင် ကျောင်းသား/သူများအား အသိပညာပေးဟောပြောပြီး နံရံကပ်စာစောင်နှင့် သုတ/ရသ စာအုပ်များ ပြသပေးသည်။
အသိပညာပေးဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာက အသိပညာပေးဟောပြောပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များ၊ (၁၈) နှစ်အောက်ကလေးများ အလုပ်လုပ်ခွင့်ဆိုင်ရာ မြန်မာနိုင်ငံ ဥပဒေပြဌာန်းချက်များ၊ ဆက်သွယ်ရေးလိမ်လည်မှု အကြောင်းအရာများ ကို Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ဟောပြောပွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးရာ ကျောင်းသား/သူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။ ထို့အတူ သုတ/ရသ စာအုပ်များကိုလည်း ကျောင်းသား/သူများ လေ့လာဖတ်ရှုနိုင်ရန် ပြသပေးခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )