ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ဆင်ပေါင်ဝဲမြို့၌ Book Club အသင်း စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း ပူးပေါင်း၍ Book Club အသင်း စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့တွင် နွေရာသီပန်းချီသင်တန်း၊ စစ်တုရင်သင်တန်း သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်ခဲ့သည့် နွေရာသီပန်းချီသင်တန်း၊ စစ်တုရင်သင်တန်း သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီမှ ပေးအပ်လှူဒါန်းသော စာအုပ်/စာစောင်များ အားရပ်ကွက်/ကျေးရွာစာကြည့်တိုက်များသို့ ထပ်ဆင့်ပေးအပ်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီမှ လှူဒါန်းပေးအပ်သော စာအုပ်စာစောင်များ လှူဒါန်းပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

တွံတေးမြို့နယ်တွင် နွေရာသီအခြေခံအင်္ဂလိပ်စကားပြော သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် လူငယ်များအတွက် နွေရာသီ ကျောင်းပိတ်ရက်များအတွင်း အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စကားပြောသင်တန်းကို တစ်လအကြာဖွင့်လှစ်သင်ကြားခဲ့ရာ သင်တန်းဆင်းပွဲကို မတ်လ (၃၁) နေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်းသိရသည်။

တိုက်ကြီးမြို့နယ်၌ အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုရေး အသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က ဂျိုးဖြူစံပြကျေးရွာ ဂျိုးဖြူစာကြည့်တိုက်တွင် ဆောင်ရွက်ခဲ့သည်။

မကွေးခရိုင် (Community Center) ခန်းမ၌  ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Center)ခန်းမ၌  ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲကို မတ်လ ၂၃ ရက် မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဂန့်ဂေါမြို့ လူထုအခြေပြုဗဟိုဌာနတွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် နွေရာသီကျောင်းပိတ်ရက်ကာလ ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်မှ စတင်ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်  ပြည်သူ့စာကြည့်တိုက်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေးဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် နွေရာသီကျောင်းပိတ်ရက်၌ ကာယ၊ညဏ ဖွံ့ဖြိုးတိုးတက်စေရန် အခမဲ့သင်တန်းများဖွင့်လှစ်သင်ကြားပေးနေသည့် ကလေးများအား  ယနေ့နံနက်ပိုင်းက   လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို မတ်လ ၂၂ ရက်နေ့ နံနက် (၉) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ်ရုံးဝန်ထမ်းများ နယ်လှည့်ကွင်းဆင်းစာအုပ်များငှားခြင်းဆောင်ရွက်

ဗိုလ်တထောင်မြို့နယ်ရုံးဝန်ထမ်းများ နယ်လှည့်ကွင်းဆင်းစာအုပ်များငှားခြင်းဆောင်ရွက် ဗိုလ်တထောင် မတ် ၂၀ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ရုံးသို့လာရောက် စာအုပ်ငှားနိုင်ခြင်းမရှိသော စာဖတ်ပရိသတ်စာငှားပရိသတ်များအား ယမန်နေ့ မွန်းလွဲ (၁) နာရီမှ (၂) နာရီအချိန်ထိ ဗိုလ်တထောင်မြို့နယ်ကျန်းမာရေးဌာနသို့ ဝန်ထမ်းများထံ လက်ဝယ်အရောက် သုတ/ရသစာအုပ်များအား ကွင်းဆင်းလှည့်လည်ငှားပေးကြသည်။ ထိုသို့ ကွင်းဆင်းငှားပေးခြင်းကို ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများသည် အပတ်စဉ်အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသာပတေးရုံးဖွင့်ရက်များတွင် ဌာနဆိုင်ရာရုံးများရှိ စာပေဝါသနာရှင်ဝန်ထမ်းများ လက်ဝယ်အရောက် ပုံမှန်စာငှားရက်များ သတ်မှတ်ပြီး ကွင်းဆင်းလှည့်လည်ငှားပေးလျက်ရှိကြောင်း သိရသည်။ ခင်ဝင်း(ပြန်/ဆက်)
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ