မက်မန်းမြို့တွင် စွန့်ပစ်ပစ္စည်းအမျိုးအစားခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်း လက်တွေ့သရုပ်ပြဆောင်ရွက်
ရှမ်းပြည်နယ်“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် စည်ပင်သာယာရေးဌာနမှ ကြီးမှူးကျင်းပသည့် စွန့်ပစ်ပစ္စည်းအမျိုးအစားခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်း လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က မက်မန်းမြို့ တြိဂံလမ်းဆုံတွင် ကျင်းပပြုလုပ်ခဲ့သည်။