မိုင်းခတ် အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူ လူငယ်များအသင်း (Youth Club)တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခတ်မြို့နယ် ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အကြောင်းနှင့် စာကြည့်တိုက်မှူး ဒေါ်နန်းခင်ညွန့်က စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများနှင့် စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးမည့် စာအုပ်ပါအချက်အလက်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် စာရေးဆရာဆူးသစ်ရေးသားသည့် "ခွန်အားရှိသောစာ ခွန်အားရှိသောလူငယ်" စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူ လူငယ်များအသင်း (Youth Club) မှ အဖွဲ့ဝင် ကျောင်းသား၊ကျောင်းသူများက ဘာကြောင့်စာဖတ်သလဲ၊ ခွန်အားရှိသောစာ၊ လူငယ်နှင့်မိုက်ခြင်းမမိုက်ခြင်း၊ လူငယ်နှင့်အတုယူခြင်း စသည့်ခေါင်းစဉ်ပါ အကြောင်းအရာများကို အပြန်အလှန် ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)