တီးတိန် အောက်တိုဘာ ၁၈
ချင်းပြည်နယ် တီးတိန်မြို့၌ ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စံကိုက်ညီကျောင်းဆောင်တွင် ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းက အမှာစကားပြောကြားပြီး ပုံပြင်ပြောပြိုင်ပွဲတွင် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်နှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် အလယ်တန်းအဆင့်၊ မူလတန်း(အထက်ဆင့်)၊ မူလတန်း(အောက်ဆင့်)ပြိုင်ပွဲများ၌ ဆုရရှိသူများအား တာဝန်ရှိသူတို့က ဆုများချီးမြှင့်ပေးသည်။ ဆက်လက်၍ ပြိုင်ပွဲတွင် ပထမဆုရရှိသူများက ပြိုင်ပွဲဝင်ပုံပြင်များနှင့် ကဗျာများ ပြန်လည်တင်ဆက်ကြသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြိုင်ပွဲဝင်ကျောင်းများမှ ဆရာ/ဆရာမများ၊ ဆုရကျောင်းသား/ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)