မော်လမြိုင်မြို့ အခြေခံပညာကျောင်းများ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာကျောင်းတို့ပူးပေါင်း၍ လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းက မော်လမြိုင်မြို့ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၊ အောင်တော်မူ အခြေခံပညာမူလတန်းလွန် ကျောင်းနှင့် ကျောက်တန်းအခြေခံပညာအလယ်တန်း ကျောင်းခွဲများ၌ ကျင်းပခဲ့သည်။