မိုင်းပျဉ်း နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက အမှတ် (၅၂၈) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ အကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း၊ စာပေ၏အကျိုးကျေးဇူးများအကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် လူကုန်ကူးမှုအန္တရာယ် အကြောင်းတို့ကို ဟောပြောဆွေးနွေးခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ခြင်း အလေ့အထရရှိစေရန်ရည်ရွယ်၍ လည်းကောင်း၊ စာဖတ်ရှိန်မြှင့်မားစေရေးအတွက်လည်းကောင်း၊ ကလေးများ အသိပညာဗဟုသု တိုးပွားလာစေရန်အတွက်လည်းကောင်း စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်ပြသပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်ကာယကြံ့ခိုင်သန်မာစေရန်နှင့် ပျော်ရွှင်ကြစေရန် ဂိမ်းကစားနည်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နယ်လှည့်လှုပ်ရှားမှု ဟောပြောပွဲသို့ အ.မ.က (၅၂၈) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ (၃၅) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရသည်။
နန်းသန္တာဦး(ပြန်/ဆက်)