စလင်း နိုဝင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၃၊ ၂၀၂၄ ပညာသင်နှစ် ပေါက်လေးပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် လက်ပံဦးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပညာရေးဦးစီးဌာန တို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပေါက်လေးပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် လက်ပံဦး အခြေခံပညာအလယ်တန်းကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ပေါက်လေးပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းအုပ် ဆရာမကြီး ဒေါ်ချောစုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအေးလင်းက ကျောင်းသား/ ကျောင်းသူကလေးငယ်များအား လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် လူငယ်နှင့်စာပေ လူငယ်နှင့်ပညာရေး အခန်းကဏ္ဍအရေးပါပုံ အကြောင်းအရာများကို ရှင်းလင်းပြောကြားဆွေးနွေး ဟောပြောခဲ့သည်၊ ဆက်လက်၍ စားသူရေးရာဦးစီးဌာန. တာဝန်ခံဦးဆန်းလင်း မောင်ကစားသုံးသူ၏အခွင့် အရေးများစားသုံးသူနှင့် ပတ်သက်သော ကုန်အညွှန်းအမှတ်အသား (၈) ချက်နှင့် ကုန်ပစ္စည်းအမျိုးမျိုးတို့တွင် ဖြစ်တတ်သည့် မှိုရောဂါများအကြောင်း စားသုံးရန်မသင့်သည့် ရက်လွန်လလွန် စားသောက်ဖွယ်ရာများနှင့် စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံတို့ကို ပြည့်စုံစွာ ရှင်းလင်းပြောကြားခဲ့ပြီး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမ (၅) ဦးနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၈၉) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဖန် လက်ပံဦးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသို့ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာဆောင်ပြပွဲကို ကျင်းပပြုလုပ်ရာ လက်ပံဦး အခြေခံပညာအလယ်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးသန္တာအောင်မှ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ရခြင်းအကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးလင်းက မိမိတို့ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားပြီး မြန်မာစာလုံးပေါင်းသတ်ပုံ အက္ခရာ သင်္ကေတ ပေါ်ပေါက်လာပုံတို့ကို အကျယ်တစ်ဝင့်ရှင်းလင်း ပြောကြားအသိပညာပေးခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးဆန်း လင်းမောင်က စားသုံးသူ အခွင့်အရေးဆိုင်ရာများကို ပြောကြားသွားခဲ့ပြီး တက်ရောက် လာကြသည့် ကျောင်းသား၊ ကျောင်းသူကလေးများ၏ သိလိုသည်များကို ရှင်းလင်းဖြေကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူကုန်ကူးမှုအန္တရာယ် တိုက်ဖျက်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင် ပညာပေး နံရံကပ်စာစောင်ပြသထား ရှိမှုအားကျောင်းသား၊ ကျောင်းသူကလေးများက စိတ်ဝင်တစားကြည့်ရှုခဲ့ကြသည်၊ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲသို့ ပေါက်လေးပင် အုပ်ချုပ်ရေးမှူး ဦးဝင်းသိန်းနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးသန္တာအောင်နှင့် ဆရာ၊ ဆရာမ (၁၀) ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၁၅၇) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
(မောင်လွင်) စလင်း