ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန် အခြေခံပညာအထက်တန်းကျောင်းတွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ပုဗ္ဗသီရိ နိုဝင်ဘာ ၁၄

ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန် အခြေခံပညာအထက်တန်းကျောင်းတွင်  ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ပိုမိုရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က နေ့ထူးနေ့မြတ်များရှိသည့်အနက် အမျိုးသားနေ့သည် မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုတွင် အရေးပါခဲ့သည့် နေ့တစ်နေ့ဖြစ်ပြီး အမျိုးသားနေ့ စတင်ခဲ့ပုံများ၊ အမျိုးသားပညာရေးကျောင်းများ ဖွင့်လှစ်ခဲ့ပုံနှင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံများကို  အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပုဗ္ဗသီရိမြို့နယ်ရုံးမှ ခင်းကျင်းပြသထားသည့်  စာအုပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)