ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ကျိုက်ထိုမြို့‌နယ်တွင် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့‌နေ့ကို ကြိုဆိုသောအားဖြင့် ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် ရေလှူဒါန်း‌ခြင်း ဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့‌နယ်တွင် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့‌နေ့ကို ကြိုဆိုသောအားဖြင့် ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် ရေလှူဒါန်း‌ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ် မီးသတ်ရုံး ရှေ့နှင့် မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ညောင်ရွှေမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုလျော့နည်းကျဆင်းရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်အတွင်း ဓာတ်အားပျောက်ဆုံးမှုလျော့နည်း ကျဆင်းစေရေး၊ တရားမဝင် ဓာတ်အားသုံးစွဲမှုမရှိစေရေး၊ ပြည်သူများ၏ လစဉ်ဓာတ်အားသုံးစွဲယူနစ် မှန်ကန်မှုရှိစေ ရေးနှင့် မီတာပြဂဏန်းများ လိုဖတ်ခြင်း၊ ပိုဖတ်ခြင်းများ မဖြစ်ပေါ်စေရေးအတွက် မီတာများ လိုက်လံဖတ်ရှုခြင်းကို မေ ၁ ရက်က မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုမိန့်ရ (တတိယ)အဆင့် အမျိုးသမီးလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ သွားရောက် ကြည့်ရှုအားပေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူသည် လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ တောင်ကြီးမြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုမိန့်ရ (တတိယ)အဆင့် အမျိုးသမီးလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ ယမန်နေ့ မွန်းလွဲ(၁၁)နာရီအချိန်က သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ ဖူးစားပြောင်းများ အောင်မြင်ဖြစ်ထွန်း

မွန်ပြည်နယ် ပေါင်မြို့နယ်ရှိ ကျေးရွာများတွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသည့် ဖူးစားပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ရိုးရိုးသကြားပြောင်းဖူးနှင့် ကောက်ညှင်းပြောင်းဖူးများကို အများဆုံးစိုက်ပျိုးကြပြီး ဒေသပေါက်စျေး တစ်ဖူးလျှင် ငွေကျပ် (၄၀၀) မှ (၅၀၀) ကျပ်အထိ မြို့ပေါ်စျေးများတွင် ရောင်းချရကြောင်း သိရသည်။

မိုင်းဆတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပန်းချီပြိုင်ပွဲများ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များအား ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ရပ်စောက်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်မှ ပြည်သူများအသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ ဌာနဆိုင်ရာရုံးများသို့ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှာရမ်းပေးခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးးစီးဌာနက ကြီးမှူး၍ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့ နေ့လယ် ၁၁ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်တောမြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ အင်တောမြို့တွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က ဖြန့်ဝေခဲ့သည်။

မောက်မယ်မြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်သည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆုချီးမြှင့်ပွဲအခမ်းအနားကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ