ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ကျောက်ဖြူခရိုင်ရုံး (Community Centre)ခန်းမ၌ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် အခြေခံပန်းချီသင်တန်း ဖွင့်လှစ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် အခြေခံပန်းချီသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးအသင်းဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

နွေရာသီအားလပ်ရက်၌ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတ ရှာဖွေရန် စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှု

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် နွေရာသီအားလပ်ရက်၌ ပြင်ပဗဟုသုတရှာဖွေရန် စိတ်ဝင်စားသည့် ကျောင်းသားလူငယ်များအနေဖြင့် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာပေဖတ်ရှုလေ့လာသူများ များပြားလာကြောင်း သိရသည်။

လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီကွန်ပျူတာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချ နိုင်ရန်အတွက်ဖွင့်လှစ်ခဲ့သည့် နွေရာသီကွန်ပျူတာ(အခြေခံ)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် (၈) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (လားရှိုး) ရှိ သင်တန်းခန်းမတွင် ကျင်းပသည်။

နမ့်စန်မြို့ ပြည်သူ့စာကြည့်တိုက်တွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးဟောပြော

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ ညနေ ၄ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန်ကန်မြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့်ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီအချိန်က စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။

ပိုင်ကျုံမြို့ လူထုအ‌ခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (Book Club) အဖွဲ့ဝင်များ  စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ယ‌နေ့နံနက်ပိုင်းက စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အသင်းအဖွဲ့ဝင်များပူးပေါင်း၍ စာရေးအရှင်ခတ္တီစာရ (ထီလုံ)ရေးသားသည့် ဓမ္မလေညင်း (၂)စာအုပ်ဖြင့် ဧပြီလ ၂၃ ရက်နေ့က စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။

သံတောင်ကြီးမြို့နယ် စာဖတ်ရှိန်မြှင့်တင်စေရန် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပြိုင်ပွဲများပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်းတွင် ယနေ့နံနက်(၉)နာရီအချိန်က ပြိုင်ပွဲများပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book  Club/Youth Club များ စာဖတ်ဝိုင်း ပြုလုပ်

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book  Club/Youth Club အဖွဲ့ဝင် များက စာရေးဆရာ မောင်သာမည၏ အောင်မြင်ခြင်းနှင့်ရှုံးနိမ့်ခြင်း စာအုပ်အား ယနေ့နံနက်ပိုင်း (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကဗျာရွတ်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ တွင် နွေရာသီအားလပ်ရက်၌ ကျောင်းသား/ကျောင်းသူများ ပြင်ပစာပေဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရေန် ရည်ရွယ်၍ ကဗျာရွတ်ပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။

ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး‌

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ကျန်းမာရေးဌာနမှ ဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ