ပိုင်ကျုံမြို့ လူထုအ‌ခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (Book Club) အဖွဲ့ဝင်များ  စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်

ပိုင်ကျုံ  ဧပြီ   ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ယ‌နေ့နံနက်ပိုင်းက စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အသင်းအဖွဲ့ဝင်များပူးပေါင်း၍ စာရေးအရှင်ခတ္တီစာရ (ထီလုံ)ရေးသားသည့် ဓမ္မလေညင်း (၂)စာအုပ်ဖြင့် ဧပြီလ ၂၃ ရက်နေ့က စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြိုဦးစီးမှူးဒေါ်နော်ခူးခူးက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့်စာအုပ်ပါ အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး (Book Club) အဖွဲ့ဝင်ဒေါ်ကြာစေးက ကုသိုလ်အမြဲလုပ်ပါခေါင်းစဉ်ဖြင့် ဆွေးနွေးရာ ရခဲလှသည့်လူ့ဘဝကို ဆင်းရဲသည်ဖြစ် ချမ်းသာသည်ဖြစ်စေ ကုသိုလ်အမြဲလုပ်ရန် လိုအပ်သည့် အကြောင်းများကို ဆွေးနွေးပြောကြားပြီး၊ ဦးထွန်းဇော်က သူ့အကြိုက်နဲ့ သူပါပဲ၊ မနာလိုနေတာနဲ့ အချိန်ကုန်တယ်စသောအကြောင်းများ ဆွေးနွေးပြောကြားပြီးနောက် ဆွေးနွေးပွဲတွင် တက်ရောက်လာကြသည့် အဖွဲ့ဝင်များတို့မှ မိမိတို့သိရှိသည့် အသိပညာများကို အပြန်အလှန် ဆွေးနွေးခဲ့သည်။

ပိုင်ကျုံမြို့လူထုအခြေပြုဗဟိုဌာနတွင် ာဖတ်ဝိုင်းဆွေးနွေးပွဲများဆောင်ရွက်ခြင်းကြောင့် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း အချင်း ချင်းတစ်ဦးနှင့်တစ်ဦး စာပေအသိပညာများနှီးနှောဖလှယ်နိုင်ပြီး အကောင်းအဆိုးများကိုလည်း ဝေဖန်ပိုင်းခြားလာနိုင်ပါကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)