ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ငလျင်ဘေးအန္တရာယ် အကြောင်းသိကောင်းစရာ(Talk Show )ပြုလုပ်

လွိုင်ကော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယမန်နေ့မွန်းလွှဲ ၃ နာရီအချိန်က ငလျင်ကြောင့် ဖြစ်ပေါ်သောဘေးအန္တရာယ်နှင့် ပတ်သက်ပြီး အများပြည်သူမှတ်သား လိုက်နာတတ်စေရန်ရည်ရွယ်၍ ငလျင်ဘေးအန္တရာယ် အကြောင်း သိကောင်းစရာ(Talk Show )ပြုလုပ်ခဲ့သည်။

ကျိုင်းတုံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။

ဟိုပန်၌ နွေရာသီ အခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ်

နွေရာသီ ကျောင်းပိတ်ရက်များတွင် ကျောင်းသား/သူ၊ လူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ကြရန်နှင့် အခြေခံကွန်ပျူတာပညာရပ်များအား သိရှိတက်မြောက်ကြစေရန် ရည်ရွယ်၍ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးပြီး မတ်လ(၂၁)ရက်နေ့မှ စတင်ကာ နွေရာသီ အခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ်လျက်ရှိသည်။

သံတွဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ဌာနများအရောက် စာအုပ်များငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။

သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး Talk Show ဆောင်ရွက်

သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့နံနက် ၁၀ နာရီက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။

ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်တွင် နွေရာသီကျောင်းပိတ်ရက်အတွင်း စာပေဖတ်ရှုသူများနှင့် စည်ကားနေ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် နွေရာသီကျောင်းပိတ်ရက်အားအပ်ချိန်၌ ပြည်သူ့စာကြည့်တိုက်တွင် ကလေးသူငယ်များ စာအုပ်စာစောင်များငှားရမ်းဖတ်ရှုသည့်အပြင် ကလေးစာဖတ်ခန်း၌ ရုပ်ပြစာအုပ်များလာရောက်ဖတ်ရှုသောကလေးငယ်များနှင့် လာရောက်ဆော့ကစားသောကလေးသူငယ်များ တိုးပွားလျက်ရှိကြောင်း သိရသည်။

စစ်တွေခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ နွေရာသီကဗျာရေးစပ်နည်း သင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီအခြေခံကဗျာရေးစပ်နည်းသင်တန်းကို ယမန်နေ့မွန်းလွဲ (၂) နာရီချိန်က ဖွင့်လှစ်ပြသသည်။

မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် က‌‌လေးငယ်များ အားလပ်ရက်တွင် ပျော်ရွှင်စေရန် စာဖတ်စွမ်းရည်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲအချိန်ခန့်က ကျင်းပဆောင်ရွက်ခဲ့သည်။

ဘားအံခရိုင် Community Centre ခန်းမတွင် နွေရာသီအင်္ဂလိပ်စာအခြေခံသင်တန်းဆင်း

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် နွေရာသီ အင်္ဂလိပ်စာအခြေခံသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ဘားအံခရိုင် (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

စုကလိမြို့တွင် စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ် မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ဖွဲ့စည်းထားသော စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းမှ ဦးဆောင်၍ စာဖတ်ဝိုင်းများအား လစဉ်ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ