ဟိုပန် ဧပြီ ၁
နွေရာသီ ကျောင်းပိတ်ရက်များတွင် ကျောင်းသား/သူ၊ လူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ကြရန်နှင့် အခြေခံကွန်ပျူတာပညာရပ်များအား သိရှိတက်မြောက်ကြစေရန် ရည်ရွယ်၍ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးပြီး မတ်လ(၂၁)ရက်နေ့မှ စတင်ကာ နွေရာသီ အခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ်လျက်ရှိသည်။
သင်တန်းကို ဟိုပန်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နေ့စဉ်နံနက် (၁၀) နာရီခွဲမှ (၁၂)နာရီနှင့် မွန်းလွဲ(၂)နာရီမှ (၃)နာရီခွဲအထိ အချိန်နှစ်ပိုင်းခွဲကာ အခြေခံ စာစီစာရိုက်၊ Word၊ Excel၊ Power point စသည့် အခြေခံကွန်ပျူတာ ပညာရပ်များကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါ သင်တန်းအား မတ်လ(၂၁)ရက်နေ့မှ ဧပြီလ(၃၀)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား/သူ(၃၀)ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)