မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

မိုင်းလုံ မတ် ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် က‌‌လေးငယ်များ အားလပ်ရက်တွင် ပျော်ရွှင်စေရန် စာဖတ်စွမ်းရည်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲအချိန်ခန့်က ကျင်းပဆောင်ရွက်ခဲ့သည်။

မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးငယ်များအား လစဉ် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကာယဉာဏစွမ်းရည်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ စသည့် ပြိုင်ပွဲများကို ဆောင်ရွက်ပေးရာ ယနေ့ကလေးများ၏ အားလပ်ရက်တွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ‌ ဆောင်ရွက်‌‌ပေးပြီး ယခုကဲ့သို့ ဆောင်ရွက်‌ပေးခြင်းသည် ကလေးများ၏ စိတ်ကိုပျော်ရွင်စေရန်၊ မြင်းခွာရွက်၏ ဆေးဖက်ဝင်ပုံများကို သိရှိစေရန်၊ စာကြည့်တိုက်ကို ပိုမိုရင်းနှီးစေရန်နှင့် အားလပ်သောအချိန်ကို အကျိုးရှိစွာ အသုံးပြုစေရန် ရည်ရွယ်၍  ဆောင်ရွက်ရခြင်းဖြစ်ပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်စုစုဝင်းက ကလေးငယ်များအား  အတွဲ-၂၀ အမှတ်-၆ ဒို့ကျေးရွာဂျာနယ်တွင် ပါဝင်သော ကိုရဲရေးသားသည့် "မြင်းခွာရွက်နှင့်ကျန်းမာရေး" ဆောင်ပါးဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပရာ  ပြိုင်ပွဲ၀င်ကလေးများကို အာဟာရအဖြစ် မုန့်နှင့် အချိုရည်များကို တိုက်‌‌ကျွေးခဲ့ကြောင်း သိရသည်။   

ဇော်ဇော်(ပြန်/ဆက်)