ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ညောင်ရွှေမြို့၌ ရိုးရာဝတ်စုံနှင့် စက်ချုပ်အတတ်သင် သင်တန်းဆင်းပွဲပြုလုပ်

ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ အသက်မွေးဝမ်းကျောင်းပညာရပ် တတ်မြောက်စေရန်နှင့် တိုင်းရင်းသားရိုးရာဝတ်စုံများကို မြတ်နိုးတန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် ပြည်နယ်တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာမှ ဖွင့်လှစ်ပို့ချသည့် ရိုးရာဝတ်စုံနှင့် စက်ချုပ်အတတ်သင် သင်တန်းဆင်းပွဲကို ဩဂုတ် (၁၅) ရက် နံနက် (၉) နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အင်းသားစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

မိုင်းပန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့နှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ပံတန်း၌ ကလေးသူငယ် အခွင့်အရေးများနှင့်ပတ်သက်၍ အသိပညာပေးသင်တန်းပြုလုပ်

ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုရရှိစေရန်အတွက် ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ အသိပညာပေးသင်တန်းကို သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ အ.ထ.က (၂) ကျောင်းခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book Club နှင့် Youth Club အဖွဲ့များ စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုး၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book Club နှင့် Youth Club အဖွဲ့ဝင်များသည် ယနေ့နံနက် (၉) နာရီက Community Centre ခန်းမတွင် စာရေးဆရာခင်စောတင့်၏ ဘဝအသစ်ရဲ့အစများစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။

မူဆယ်မြို့ အ.ထ.က (၃) ကျောင်းတွင် “ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာဥပဒေ” အသိပညာပေး ဟောပြောပွဲပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ဩဂုတ်လ (၁၁) ရက်နေ့ နံနက် (၁၀း၃၀) နာရီအချိန်က အ.ထ.က (၃) ကျောင်းခန်းမ၌ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အာကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှု စက်ချုပ်သင်တန်းကျောင်းတို့ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေး ဟောပြောပွဲကို ပြုလုပ်ခဲ့သည်။

လူငယ်များ အသိပညာဗဟုသုတကြွယ်ပြီး ဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် နည်းပညာတက္ကသိုလ်(မြိတ်)၌ လူငယ်စကားဝိုင်းကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် အသိပညာဗဟုသုတကြွယ်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် နည်းပညာတက္ကသိုလ် (မြိတ်) တွင် လူငယ်စကားဝိုင်းကို ယနေ့ နံနက်(၉)နာရီခွဲက ကျင်းပခဲ့သည်။

သထုံခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျောင်းသားကျောင်းသူများ အသိပညာမြင့်မားရေး ဟောပြောပွဲ၊ ပုံပြင်ပြော၊ ကဗျာရွတ်ပြိုင်ပွဲများပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတမြင့်မားပြီး စာဖတ်ရှိန်မြင့်မားရေးအတွက် အသိပညာပေးဟောပြောပွဲခြင်းနှင့် ပုံပြင်ပြော၊ ကဗျာရွတ်၊ ပန်းချီဆွဲပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ကို ယနေ့နံနက်(၁၀)နာရီက အထကကျောင်း၊ နဝဒေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကလောမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေး နယ်လှည့်ကွင်းဆင်း ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ နားစံကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ