တနင်္သာရီတိုင်းဒေသကြီး

မြိတ်မြို့တွင် ကျောင်းသား/ သူများအား အသိပညာပေးဟောပြောပြီး နံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်များ ပြသ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျောင်းသား/သူ လူငယ်များ အသိပညာဗဟုသုတရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အောက်တိုဘာ (၂၂)ရက် နံနက်ပိုင်းက အထက(၆)နှင့် အထက(၉) ကျောင်းခန်းမတို့တွင် ကျောင်းသား/သူများအား အသိပညာပေးဟောပြောပြီး နံရံကပ်စာစောင်နှင့် သုတ/ရသ စာအုပ်များ ပြသပေးသည်။

သရက်ချောင်းမြို့နယ်၊ အ-ထ-က(ခွဲ)တီတွတ်ပြင်ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က သရက်ချောင်းမြို့နယ်၊ အ-ထ-က(ခွဲ)တီတွတ်ပြင်ကျောင်းခန်းမတွင် ကျင်းပသည်။

ကျွန်းစုမြို့၌ ဒေသခံများ ဝင်ငွေတိုးစေရန် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်း အခမဲ့သင်ကြား

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကျေးလက်ဒေသနေ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ပေးပြီး ဝင်ငွေတိုးလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို အခမဲ့ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

ကျွန်းစုမြို့တွင် (၃၇)​ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အလှူရှင်များက စုပေါင်းမဟာဘုံကထိန် ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်ကျွန်းရတနာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေဖြူမြို့နယ်၊ ဂန့်ဂေါ်တောင်ရွာတွင် တနင်္ဂနွေနေ့ဓမ္မစကူးလ်သင်တန်းဖွင့်လှစ်ပို့ချ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဂန်ဂေါ်တောင်ရွာ၊ ဓမ္မပါလကျောင်းတိုက်တွင် အောက်တိုဘာ ၁၉ ရက်နံနက်က တနင်္ဂနွေနေ့ ဓမ္မစကူးလ်သင်တန်းများ ပို့ချနေကြောင်း သိရသည်။

ထားဝယ်မြို့၏ ထင်ရှားကျော်ကြားသော နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်ပွဲဇော်ပွဲ ထားဝယ်သူ၊ ထားဝယ်သားများ ပါဝင်ဆင်နွှဲ

ထားဝယ်ဒေသသည် တောင်များပတ်လည်ဝိုင်းရံလျက်ရှိပြီး စိမ်းစိုလှပသော တောတောင်ရေမြေ၊ သဘာဝအလှတရားများ၊ အပမ်းဖြေနားနေစရာ လှပသာယာသောကမ်းခြေများ ထားဝယ်ရိုးရာ ယဉ်ကျေးမှုဓလေ့များနှင့်ပွဲတော်များ၊ ဘာသာရေးပွဲတော်များနှင့် ပြည့်နှက်နေသော ထားဝယ်ဒေသ တစ်ခုဖြစ်သည်။ ထို့အပြင်အလှူအတန်းများလည်းပေါများလှသည်။ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်တွင် လာရောက်ဖူးမြှော်ပြီးလေ့လာခြင်းဖြင့် ထားဝယ်လူမျိုးများအလှူအတန်း ရက်ရောကြသူများဖြစ်ကြောင်းကိုပါ တွေ့မြင်သိရှိနိုင်သည်။ ထားဝယ်တွင် ဗုဒ္ဓဘာသာကိုအများဆုံးကိုးကွယ်ကြပြီး အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် ခရစ်ယာန်ဘာသာကိုးကွယ်သူများလည်း ရှိသည်။

ကော့သောင်းမြို့တွင် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)နှင့် (တိုင်းဒေသကြီးအဆင့်)ဆုရရှိခဲ့သော ပြိုင်ပွဲဝင်များအား ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ

(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(ဗဟိုအဆင့်)နှင့် (တိုင်းဒေသကြီးအဆင့်) ဆုရရှိခဲ့သော ကော့သောင်းခရိုင်မှ ပြိုင်ပွဲဝင်များအား ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနားကို အောက်တိုဘာလ (၁၈) ရက်နေ့ညပိုင်းက ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ (ဗဟိုအဆင့်)နှင့် (တိုင်းဒေသကြီးအဆင့်)ဆုရရှိခဲ့သော ဆုရပြိုင်ပွဲဝင်များ၊ အုပ်ချုပ်နည်းပြသူများ တက်ရောက်ခဲ့ကြသည်။

မြိတ်မြို့တွင် မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင်  မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် စနစ်တကျ မဲပေးတတ်စေရန် ရည်ရွယ်၍ မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းက အ-ထ-က(၁) ပညာ့ဗိမာန်ခန်းမတွင်  ပြုလုပ်ခဲ့သည်။

သရက်ချောင်းမြို့နယ် (Community Centre) ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယ ပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အောက်တိုဘာ ၁၇ ရက်နေ့ မွန်းလွဲ ၁‌၂ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို အောက်တိုဘာ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး