ကော့သောင်း မတ် ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်ဘာသာကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်သတ်မှတ်စာစစ်ဌာများတွင် ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကော့သောင်းမြို့နယ်အနေဖြင့် အထက(၁)စာစစ်ဌာန၊အထက(၂)တပ်နယ်စာစစ်ဌာန၊ အထက(ခမောက်ကြီး)စာစစ်ဌာန စုစုပေါင်း (၃)ခုဖြင့် ကျင်းပလျက်ရှိပြီး အထက(၁)စာစစ်ဌာနတွင် စာရင်းရှိကျောင်းသား/သူ (၃၅၀)တွင် စာဖြေဆိုသူ(၃၃၄)ဦး၊ အထက(၂)တပ်နယ်စာစစ်ဌာနတွင်စာရင်းရှိ (၈၉)ဦးတွင် ဖြေဆိုသူ (၈၁)ဦး၊ အထက (ခမောက်ကြီး) စာစစ်ဌာနတွင် စာရင်းရှိ(၅၆)ဦးတွင် ဖြေဆိုသူ(၄၆)ဦးဖြင့် မြို့နယ်အနေဖြင့်အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုသူ(၉၃ ဒသမ ၁၃)ရာခိုင်နှုန်း၊ ပျက်ကွက် (၆ ဒသမ ၈၇)ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင် (ပြန်/ဆက်)