တနင်္သာရီတိုင်းဒေသကြီး

ကျွန်းစုမြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုပညာ တစ်လုံးထိုးဒီဇယ်အင်ဂျင်စက်ပြင်သင်တန်းဆင်းပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး‌ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်းအထောက်အကူပညာ တစ်လုံးထိုးဒီဇယ်အင်ဂျင်စက်ပြင်သင်တန်းဆင်းပွဲကို ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က ကမ်းကြီးကျေးရွာအုပ်စု၊ ကမ်းကြီးကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) ထပ်ဆောင်းထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အ.ထ.က သရက်ချောင်းကျောင်း (ပညာရတနာခန်းမ)၌ ဆရာ/ဆရာမများနှင့် မိသားစုဝင်များအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့နံနက် ၈နာရီခွဲအချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) ထပ်ဆောင်းထိုးနှံပေးခဲ့သည်။

တနင်္သာရီမြစ်ရေ ဆက်လက်မြင့်တက်လာသဖြင့် တနင်္သာရီမြို့အတွင်းရှိ အိမ်ထောင်စု (၄၉၇) စု ရေလွတ်ရာသို့ ယာယီပြောင်းရွှေ့လျက်ရှိ

တနင်္သာရီမြို့နယ်အတွင်း ဇူလိုင်လ ပထမအပတ်မှစတင် ရွာသွန်းခဲ့သည့်မိုးကြောင့် တနင်္သာရီမြစ်ရေ မြင့်တက်လျက်ရှိရာ ယမန်နေ့ညနေပိုင်းက မြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အိမ်ထောင်စု (၄၉၇) စု ရေလွတ်ရာသို့ ပြောင်းရွှေ့လျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ် (၃/၂၀၂၄)သို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၄)ကို ယနေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တနင်္သာရီမြို့နယ်၌ ရေဘေးသင့် ပြည်သူများအား ဆန်၊ ဆီ၊ ဆန်ဖိုးငွေ၊ ကြက်ဥများနှင့် တစ်ကိုယ်ရည်သုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ပထမပတ်မှစ၍ မိုးများသည်းထန်စွာ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် တနင်္သာရီမြို့နယ်၏ အန္တရာယ်ရေ အမှတ်ဖြစ်သည့် (၂၄) ပေထက် ကျော်လွန်၍ မြစ်ရေများ အဆက်မပြတ် တိုးနေသဖြင့် ဇူလိုင်လ ၂၅ ရက်မှစပြီး ယာယီကယ်ဆယ်ရေးစခန်းသုံးခုသို့ ပြောင်းရွှေ့နေထိုင်ကြသည့် အိမ်ထောင်စု (၁၁၀)စုတို့မှ လူဦးရေ(၅၂၇)ဦးတို့အား တစ်ဦးလျှင် တစ်ရက်စာအဖြစ် ဆန်နှစ်ဘူးနှုန်းဖြင့် (၇)ရက်စာ အတွက် စုစုပေါင်း (၃၉,၂၇၀၀၀/-)တန်ဖိုးရှိ ဆန်(၂၂)ပြည်ဆံ့ (၄၁)အိတ်နှင့် (၁၈)ပြည်ကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့(ကိုယ်စား) မြို့နယ်စီ မံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့မွန်းလွဲပိုင်းက ယာယီကယ်ဆယ်ရေး စခန်းများသို့ သွားရောက်၍ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ပြီး အားပေးစကားများ ပြောကြားပေးကြောင်း သိရသည်။

တနင်္သာရီမြို့နယ် ဗောဓိကမ်းကျေးရွာ၌ မြစ်ရေကြီးမှုကြောင့် လူနေအိမ်နှစ်လုံး ပြိုကျမှု ဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တနင်္သာရီမြစ်ရေ မြင့်တက်မှုကြောင့် ယမန်နေ့ နံနက်ပိုင်းက ဆင်ခြေဖုန်းကျေးရွာအုပ်စု၊ ဗောဓိကမ်းကျေးရွာ၌ လူနေအိမ်နှစ်လုံး ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ကျွန်းစုမြို့တွင် စနစ်တကျ အမှိုက်စွန့်ပစ်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က အမှိုက်များ စနစ်တကျစွန့်ပစ်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်ရုံးနှင့် မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (အဏ္ဏဝါ) တွင် ကလေးသူငယ်အသိပညာပေး‌ဟောပြောပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ရှိ အ-ထ-က(ခွဲ)၊ အ-လ-က(၁) အဏ္ဏဝါကျောင်းတွင် ဇူလိုင်လ ၂၉ ရက်နေ့၊ မွန်းလွဲပိုင်းအချိန်က ကလေးသူငယ်အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။

ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်များအား နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း ရောက်ရှိရာမှ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား အမျိုးသား (၁၃၂) ဦး၊ အမျိုးသမီး (၂၀)ဦး၊ စုစုပေါင်း (၁၅၂) ဦးအား ယမန်နေ့မွန်းတည့်ပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့မှတာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လွှဲပြောင်းပေးအပ်ခဲ့ရာ ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာ‌ရေးစစ်ဆေးမှုများ အထူးကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေဖြုမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ငါးရက်ခန့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရာမှ ရေများပြန်လည်ကျဆင်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ဇူလိုင်လအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ငါးရက်ခန့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရာမှ ယနေ့နံနက်ပိုင်းတွင် ပြန်လည်ကျဆင်းသွားပြီဖြစ်ကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး