ဘုတ်ပြင်းမြို့၌ မဲဆန္ဒနယ်ပြင်ပရှိ ကျောင်းများတွင် တက်ရောက်ကြမည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေး
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်အတွင်း နေထိုင်ကြပြီး မဲစာရင်းတွင်ပါရှိသည့် မဲဆန္ဒနယ်ပြင်ပသို့ သွားရောက်၍ ကျောင်းတက်ကြမည့် တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများသည် မိမိတို့၏ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက အောင်မင်္ဂလာရပ်ကွက်ရှိ ပုလဲရွှေရည်ခန်းမတွင် ကြိုတင်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။