တနင်္သာရီတိုင်းဒေသကြီး

ဘုတ်ပြင်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုကြီးကြပ်ရေးအဖွဲ့များအား လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းပို့ချ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား ဥပဒေ၊နည်းဥပဒေများနှင့်အညီ အဂတိတရားကင်းစွာဖြင့် ပြန်လည်ရွေးချယ်ခန့်ထားနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် တာဝန်ယူ ဆောင်ရွက်ကြမည့် ရပ်/ကျေးကြီးကြပ်ရေးအဖွဲ့များအား လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းကိုယနေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ (အကြို) အသိပညာပေးဆွေးနွေးပွဲ မြိတ်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့(အကြို) အသိပညာပေးဆွေးနွေးပွဲကို ဇွန်(၁၉)ရက် နံနက်ပိုင်းက မြိတ် ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။

ပုလောမြို့နယ် Community Centre ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ စာရေးဆရာ ခင်မောင်ညိုရေးသားသည့် လူငယ်နှင့်အကောင်းဆုံးဘဝကို တည်ဆောက်ခြင်း စာအုပ်စာဖတ်ဝိုင်းကို ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက ပုလောမြို့နယ် Community Centre တွင် ကျင်းပပြုလုပ်သည်။

ထားဝယ်မြို့၌ အားကစားရေးရာ အသိပညာပေးဟောပြောပွဲ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းတို့ပူးပေါင်း၍ အားကစားအသိပညာပေးဟောပြောပွဲကို ယ​မန်နေ့မွန်းလွဲပိုင်းက ထားဝယ်မြို့ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

မြိတ်မြို့နယ်သစ်​တောဦးစီးဌာနမှ မိုးရာသီသစ်ပင် စိုက်ပျိုး​ရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင် ထိန်းသိမ်း​ရေးဆိုင်ရာ အသိပညာ​ပေး

တနင်္သာရီတိုင်း​ဒေသကြီး မြိတ်မြို့နယ်သစ်​တောဦးစီးဌာနမှ မိုးရာသီသစ်ပင် စိုက်ပျိုး​ရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာ အသိပညာ​ပေး​ဟော​ပြောပွဲကို ဇွန်(၁၈)ရက် နံနက်ပိုင်းက နောက်လယ်​ရပ်ကွက်ရှိ အ.ထ.က(၅)​ကျောင်းတွင် ကျင်းပ​သည်။

ထားဝယ်မြို့၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ  ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် သွေးလှူရှင်များ၏ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်နှင့် ပြင်ပလူနာဌာနအပေါ်ထပ်၊ အမျိုးသား သွေးလှူဘဏ်၌ ကျင်းပသည်။

ကျွန်းစုမြို့နယ်၌ မိုးရာသီ သစ်ပင်စိုက်ပျိုးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ   အသိပညာပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနက မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာများကို ဇွန် ၁၇ ရက် နံနက်ပိုင်းက တောနောက်လယ်ကျေးရွာရှိ အထက(ခွဲ)ကျောင်း ခန်းမ၌ ကွင်းဆင်းအသိပညာပေးဟောပြောသည်။

ကျွန်းစုမြို့နယ်၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊နည်းဥပဒေများအသိပညာပေး သင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်း‌ဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရာ၌ တာဝန်ယူဆောင်ရွက်မည့် ကြီးကြပ်ရေးအဖွဲ့များအား ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ အသိပညာပေးသင်တန်းကို ဇွန် ၁၈ ရက် နံနက် ၁၀ နာရီက မြို့နယ်ကျွန်းရတနာခန်းမ၌ ဖွင့်လှစ်သည်။

ကော့သောင်းမြို့၌ ရေကြောင်းရဲတပ်ဖွဲ့စု(ကော့သောင်း)မှ ဒေသခရီးသွားဧည့်လမ်းညွှန် သင်တန်းတွင် “ပင်လယ်ပြင်အသက်ရှင်နေထိုင်နည်း” သင်ခန်းစာလက်တွေ့သင်ကြားပို့ချ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၏ စီစဉ်ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သောဒေသဆိုင်ရာဧည့်လမ်းညွှန် (အ‌ခြေခံ)သင်တန်းကို ကော့သောင်းမြို့၊ ဗြဟ္မဝိဟာရကျောင်းတိုက်တွင် မေလ(၂၅)ရက်နေ့မှ ဇွန်လ(၂၆)ရက်နေ့ထိ (၁)လတာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာယနေ့နံနက်ပိုင်းတွင် ရေကြောင်းရဲတပ်ဖွဲ့စု(ကော့သောင်း)မှ တပ်ဖွဲ့စုမှူးရဲမှူး ရဲမင်းထက်နှင့် တပ်ဖွဲ့ဝင်များသည်  “Sar & Survival at Sea ” (ပင်လယ်ပြင် အသက်ရှင်နေထိုင်နည်း) သင်ခန်းစာအား လက်တွေ့သရုပ်ပြ သင်ကြားပို့ချပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး