ထားဝယ်မြို့၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း 

ထားဝယ်    ဇွန် ၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ  ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် သွေးလှူရှင်များ၏ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်နှင့် ပြင်ပလူနာဌာနအပေါ်ထပ်၊ အမျိုးသား သွေးလှူဘဏ်၌ ကျင်းပသည်။

သွေးလှူဒါန်းပွဲသို့ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီလာဆွေနှင့်အဖွဲ့ဝင်များက  စုပေါင်းသွေးလှူဒါန်းနေမှုကို ကြည့်ရှုအားပေးပြီး သွေးလှူဒါန်းကြသူများအားဖြည့်ဆေးဝါးများနှင့် အာဟာရဒါနဖြစ်သည့် ကြက်ဥ၊ အချိုရည်၊ မုန့်နှင့် ချီးမြှင့်ငွေများပေးအပ်သည်။

သွေးလှူဒါန်းရာတွင်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် သွေးလှူရှင်များက ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူ လျက်ရှိကြသည့် ဝေဒနာရှင်များမှ သွေးလိုအပ်သည့်အခါ အဆင်ပြေစွာဖြင့် သွေးသွင်းကုသနိုင်ရန်အတွက် စုပေါင်းလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)