ကရသူရိ ဖေဖော်ဝါရီ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများအား (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ်အကြို အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ဘုတ်များပြသဆောင်ရွက်ခြင်းကို ယမန်နေ့ညနေက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက ဖေဖော်ဝါရီလ(၁၂)ရက်နေ့သည် မြန်မာတစ်မျိုးသားလုံး၏ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့၊ နေ့ထူး/နေ့မြတ် တစ်ရက်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းအကြောင်း၊ မြန်မာ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိများအကြောင်း၊ ကျောင်းသား/သူများ ပြည်ထောင်စုစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်များ၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ ဘောဂဗလနှင့် မိတ္တဗလ များရှိရန်လိုအပ်ကြောင်းစသည်တို့ကိုဟောပြောသည်။
ထို့နောက် အသိပညာဗဟုသုတရရှိရေး မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိများအကြောင်း၊ မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများနှင့် မိန့်ခွန်းကောက်နုတ်ချက်နံရံကပ်ဘုတ်များ ပြသရာ ကျောင်းသား/သူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)