တနင်္သာရီတိုင်းဒေသကြီး

သရက်ချောင်းမြို့နယ်၌ (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အကြို ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

(၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အကြို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှဦးစီးအရာရှိ ဦးသက်နိုင်လွင်ဦးဆောင်၍ တပ်ဖွဲ့ဝင်များက (၇၉) နှစ်မြောက် မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များကို ယမန်နေ့က သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနရုံး အရှေ့၊ မြို့မဈေးအတွင်း/ အပြင်နှင့် မြိတ်-ထားဝယ်ကားလမ်းမပေါ်၌ ဆောင်ရွက်ခဲ့သည်။

(၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေဖြူမြို့တွင် ဆိုင်းဘုတ်စိုက်ထူခြင်းနှင် ၁၉၁ စတစ်ကာ‌ဝေခြင်း ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့တွင် (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့နံနက်က (ခ) ရပ်ကွက်ရှိ ပြည်လုံးချမ်းသာလမ်းဆုံတွင် ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် (191) စတစ်ကာများ ဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနားသို့ တက်ရောက်

မေလ ၁ ရက်နေ့ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

ထားဝယ်မြို့၌ အထပ်မြင့်အဆောက်အဦများ စိစစ်ရေးကော်မတီ အစည်းအဝေးကျင်းပ

တနင်္သာရီတိုင်းဒေသကြီး အထပ်မြင့်အဆောက်အဦများ စိစစ်ရေးကော်မတီအစည်းအဝေးကို ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးလမ်းဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့၌ ပြေးခုန်ပစ်(အခုန်+အပစ်)နည်းပြ/ဒိုင်သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ပြေးခုန်ပစ်(အခုန်+အပစ်)နည်းပြ/ဒိုင်သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားခဲ့ရသော ငလျင်ဘေးသင့်ဒေသများသို့ တနင်္သာရီတိုင်းဒေသကြီးကိုယ်စား သွားရောက်ကူညီခဲ့ကြသော ပရဟိတအသင်းများအား ဂုဏ်ပြုသည့်အခမ်းအနားသို့တက်ရောက်

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားခဲ့ရသော ငလျင်ဘေးသင့်ဒေသများသို့ တနင်္သာရီတိုင်းဒေသကြီးကိုယ်စား သွားရောက်ကူညီခဲ့ကြသော ပရဟိတအသင်းများအား ဂုဏ်ပြုသည့် အခမ်းအနားကိုယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

တနင်္သာရီမြို့နယ်၌ မြတ်နိုးဖွယ်ရာ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို UNESCO၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းတင်သွင်းနိုင်ရေး ပညာပေးဟောပြောပွဲနှင့် သနပ်ခါးလိမ်းခြယ်ပွဲ အခမ်းအနား ကျင်းပ

မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း (Representative List of the Intangible Cultural Heritage of Humanity) သို့ ၂၀၂၅ ခုနှစ်တွင် အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် မြန်မာ့သနပ်ခါးယဉ်ကျေးမှု ဓလေ့များနှင့် ပတ်သက်၍ ပညာပေးဟောပြောပွဲနှင့် သနပ်ခါးလိမ်းခြယ်ပွဲ အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း၌  ယနေ့နံနက် ၉ နာရီခွဲ အချိန်က ကျင်းပပြုလုပ်ကြကြောင်း သိရသည်။

ကျွန်းစုမြို့၌ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီ ဘင်ခရာသင်တန်း ဖွင့်လှစ်သင်ကြား

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား နွေရာသီဘင်ခရာသင်တန်းကို တစ်လအကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က ကျွန်းစုကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ကရသူရိမြို့၌ မီဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တစ်အိမ်/တက်ဆင်း စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးကို စနစ်တကျ အသုံးပြုတတ်စေရေး တစ်အိမ်/တက်ဆင်း လိုက်လံစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁) ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပလောက်မြို့၌ ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့်ရတနာစိန်ဖူးတော်တို့အား ဆက်ကပ်တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊အမှတ်(၃) ရပ်ကွက်တွင် ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့်ရတနာစိန်ဖူးတော်တို့အား ဆက်ကပ်တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီက အမှတ်(၃) ရပ်ကွက်ရှိ ပြည်တော်လုံးအေးစေတီတော်၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး