(၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေဖြူမြို့တွင် ဆိုင်းဘုတ်စိုက်ထူခြင်းနှင် ၁၉၁ စတစ်ကာ‌ဝေခြင်း ပြုလုပ်

ရေဖြူ မေ၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့တွင် (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့နံနက်က (ခ) ရပ်ကွက်ရှိ ပြည်လုံးချမ်းသာလမ်းဆုံတွင် ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် (191) စတစ်ကာများ ဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ‌ဆောင်ရွက်မှုကို မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦး‌အောင်ကိုမင်း ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက လမ်းသွာလမ်းလာများအား (191) စတစ်ကာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခတ္တာ