တနင်္သာရီ ဧပြီ ၂၉
မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း (Representative List of the Intangible Cultural Heritage of Humanity) သို့ ၂၀၂၅ ခုနှစ်တွင် အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် မြန်မာ့သနပ်ခါးယဉ်ကျေးမှု ဓလေ့များနှင့် ပတ်သက်၍ ပညာပေးဟောပြောပွဲနှင့် သနပ်ခါးလိမ်းခြယ်ပွဲ အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း၌ ယနေ့နံနက် ၉ နာရီခွဲ အချိန်က ကျင်းပပြုလုပ်ကြကြောင်း သိရသည်။
အဆိုပါ မြန်မာ့ရိုးရာသနပ်ခါးလိမ်းခြယ်ပွဲတွင် ပထမဦးစွာ မြို့နယ်အအမျိုးသမီးရေးရာအဖွဲ့ တာဝန်ခံ-ဒေါ်သန်းမြတ်ထူးက မြန်မာအမျိုးသမီးများ၏ ပါးပြင်ပေါ်က မြတ်နိုးဖွယ်ရာ မြန်မားသနပ်ခါးအကြောင်းကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်မားဦးက မြန်မာ့သနပ်ခါးနှင့် ကျန်းမာရေးအကျိုး ကျေးဇူးများအကြောင်းကိုလည်းကောင်း အသိပညာပေး ဆွေးနွေးပေးကြသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်းက မြန်မာ့ရိုးရာ သနပ်ခါးလိမ်းခြယ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပေးသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများက ကျောက်ပြင်၌ ကိုယ်တိုင်သနပ်ခါးသွေးကြ၍ လိမ်းခြယ်ကြပြီး အချင်းချင်း အပြန်အလှန် ပျော်ရွှင်စွာ လိမ်းခြယ်ပေးကြကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)