ကော့သောင်းမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကော့သောင်းခရိုင် အခြေခံပညာအထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် (မွမ်းမံ)ဆွေးနွေးပွဲ ပြုလုပ်

ကော့သောင်း မေ  ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ကော့သောင်း‌မြို့တွင်၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကော့သောင်းခရိုင် အခြေခံပညာအထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် (မွမ်းမံ) ဆွေးနွေးပွဲကို အခြေခံပညာအထက်တန်းကျောင်းခွဲ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း၌ မေလ (၁၈)ရက်နေ့နံနက်ပိုင်းက စတင်ကျင်းပခဲ့သည်။

ဆရာ၊ဆရာမများအနေဖြင့် မိမိသင်ကြားသည့်ဘာသာရပ်အပေါ်တွင် နိုးနိုးကြားကြား၊ တက်တက်ကြွကြွရှိပြီး အမြဲတမ်းလေ့လာမှုရှိ‌စေရန်၊ နည်းပြဆရာ၊ဆရာမများနှင့်အတူ‌ ဝိုင်း‌ဝန်းအကြံပြုဆွေးနွေးခြင်းဖြင့် အကြံဉာဏ်သစ်၊ နည်းစနစ်သစ်များရရှိပြီး သင်ကြားသင်ယူမှုလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်၊အခြေခံပညာ အထက်တန်းအဆင့်သင် ဆရာ၊ ဆရာမများ၏ အတန်းအလိုက်၊ ဘာသာရပ်အလိုက် သင်ကြားမှု အရည်အသွေးများကို ထပ်ဆင့်မြှင့်တင်ပေးရန်ရည်ရွယ်၍ ဘာသာရပ်စွမ်းရည်မြှင့်(မွမ်းမံ)ဆွေးနွေးပွဲကို ပြုလုပ်ခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါဆွေးနွေးပွဲကို မေလ(၁၈)ရက်မှ(၂၀)ရက်အထိ ဘာသာရပ်အလိုက်အတန်းအလိုက် ဆွေးနွေးကြမည်ဖြစ်ပြီး ကော့သောင်းခရိုင်အတွင်းရှိ အထက်တန်းပြဆရာ၊ဆရာများက နည်းပြ ဆရာ၊ ဆရာမများနှင့်အတူဘာသာရပ်အလိုက် (၃)ရက်တာ ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)