မကွေးတိုင်းဒေသကြီး

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ နှမ်း ၃၁၁၆ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ နှမ်း ၃၁၁၆ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ငဖဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး Youth Club အဖွဲ့ဝင်များ ပူးပေါင်း၍ စာဖတ်ဝိုင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး Youth Club အဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က ၂၀၂၅ ခုနှစ် ဧပြီလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာအုပ်ကို စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။

ပခုက္ကူမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင် ပြသ

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

နတ်မောက်မြို့ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းသား၊ သမီးများအား ပညာသင်ထောက်ပံ့ငွေ ပေးအပ်  

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းသား၊ သမီးများအား ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌  စိုက်ခင်းများ ရေနစ်မြုပ်ပြီး ခရမ်းချဉ်သီးဈေး မြင့်တက်လာ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းကာ စိုက်ခင်းများ ရေနစ်မြုပ်သဖြင့် သီးနှံများပျက်စီးကာ ခရမ်းချဉ်သီးဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း ရွာသာကျေးရွာ ကိုင်းခရမ်းချဉ်စိုက် တောင်သူများထံမှ သိရသည်။

ရှားပါးမျိုးစိတ်စာရင်းဝင် မြန်မာ့ကြယ်လိပ် အကောင်ရေ ၁၄၀၀၀ ကျော်ထိန်းသိမ်း စောင့်ရှောက်ထား

မြန်မာ့ကြယ်လိပ် (Burmese Star Tortoise) သည် ရှားပါးသတ္တဝါမျိုးစိတ်များထဲတွင် ပါဝင်ပြီး ပါဏဗေဒအလိုအရ ဂျီအိုချယ်လုံး ပလက်တင်‌နိုတာ(Geochelone Platynota) ဟု အမည်ပေးထားပြီး မြန်မာနိုင်ငံ၌သာ တွေ့ရှိရသော ဒေသရင်းမျိုးစိတ် (Endemic Species) များပင် ဖြစ်သည်။ ကြယ်လိပ်များကို အပူပိုင်းခြောက်သွေ့သောဒေသများတွင် နေထိုင်ကျက်စားလေ့ရှိသည်ကို တွေ့နိုင်ပြီး၊ ဒေသအလိုက် ကြယ်လိပ်၊ ဆီးချိုလိပ်၊ ပင့်ကူလိပ်၊ ပန်းလိပ်၊ ရွှေလိပ်၊ နတ်လိပ်ဟူ၍ အမည်အမျိုးမျိုးဖြင့်လည်း ခေါ်ဆို‌လေ့ရှိကြသည်။

မင်းဘူးမြို့၌ ရေအရည်အသွေး တိုင်းတာစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ရာသီဥတုပြောင်းလဲလာမှုနှင့်အတူ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေထု၊ ရေထု အရည်အသွေးကျဆင်းမှု အခြေအနေများအား သိရှိနိုင်စေရန် ရေအရည်သွေး တိုင်းတာစစ်ဆေးခြင်း လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မင်းဘူးမြို့ ဧရိယာအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ် မြို့မဈေးရှိ ဆေးဆိုင်များ၌ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန် ဆေးဆိုင်များ၌ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့မဈေးအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတက္ကသိုလ်တွင် သန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်နှင့် မြို့နယ်များတွင် မြို့ရွာသန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းများ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးတို့အတွက် အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီအချိန်က မကွေးတက္ကသိုလ်၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး