နတ်မောက် မတ် ၁၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးစိုးက ကလေးအလုပ်သမား၏အဓိပ္ပါယ်၊ ကလေးများအလုပ်ခွင်သို့ စောစီးစွာ ဝင်ရောက်ခြင်းကြောင့် ရရှိလာမည့် ကိုယ်ကာယ၊ စိတ်ပိုင်းဆိုင်ရာနှင့် ပညာရေးထိခိုက်မှုများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေများနှင့် ကာကွယ်စောင့်ရှောက်မှုများ စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ယဥ်ကျေးလိမ္မာသင်တန်းတွင် ဝင်ရောက်ဖြေဆိုကြရာတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုရ ကျောင်းသား/သူများကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ယဥ်ကျေးလိမ္မာသင်တန်းနည်းပြဆရာမများက ဆုများကို အသီးသီးချီးမြှင့်ခဲ့ကြကြောင်းသိရသည်။
လှဝင်း