ဆိပ်ဖြူမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂) ကျင်းပနိုင်ရေး မဲရုံများပြင်ဆင်ဆောင်ရွက်မှုလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂) ကျင်းပနိုင်ရေး သက်ဆိုင်ရာမဲရုံများတွင် ပြင်ဆင်ဆောင်ရွက်နေခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဇန်နဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။