ဆိပ်ဖြူ မတ် ၂၀
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ပြည်သူ့ဆေးရုံကုသရေးဦးစီးဌာနသို့ ဝေါဗွီးရှင်း(မြန်မာ) ဒေသဖွံ့ဖြိုးရေး ဆိပ်ဖြူမြို့နယ်ရုံးက (၂၇၃)သိန်းကျပ်ကျော်တန်ဖိုးရှိ ဆေးကုသမှုအသုံးပြုစက်ပစ္စည်းများနှင့် မွေးကင်းစကလေးငယ်များ အသုံးပြုပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ကြောင်း သိရသည်။
ဝေါဗွီးရှင်း(မြန်မာ)ဒေသဖွံ့ဖြိုးရေး ဆိပ်ဖြူမြို့နယ်ရုံး ဒေသတာဝန်ခံမန်နေဂျာနှင့် ဝန်ထမ်းများက မြို့နယ်ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးဝါကုသမှုခံယူ လူနာများအတွက် အရေးပေါ်လက္ခဏာစောင့်ကြည့်စက်(Patient Monitor) (၁)လုံး၊ နှလုံးပြန်နှိုးစက် (Defibrillater) (၁)လုံး၊ အောက်စီဂျင် Pressure နှင့်ဖြည့်သွင်းစက်(CPAP Machine) (၁)လုံးနှင့် မွေးကင်းစကလေးငယ် အသုံးအဆောင်ပစ္စည်းများကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်ထက်အောင်ထံ ပေးအပ်လှူးဒါန်းခဲ့သည်။ ထို့နောက် မြို့နယ်ဆရာဝန်ကြီးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားပေးပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ပြီး ပြည်သူ့ဆေးရုံတွင် တက်ရောက်မွေးဖွားသည့် မွေးကင်းကလေးငယ်များနှင့် ဆေးဝါကုသမှုခံယူလျက်ရှိသည့် မွေးကင်းကလေးသူငယ်များကြည့်ရှုပြီး ကလေးသူငယ်များ၏ မိခင်များကို အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
စိုးလင်းနိုင်(IPRD)