မကွေးတိုင်းဒေသကြီး

ချောက်မြို့ လူထုအ​ခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ကျောင်းသား/ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများကြွယ်ဝစေရန် ရည်ရွယ်၍ လူငယ်အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ​ခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း မင်းဘူး(စကု)မြို့နယ် ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်း၌ ဆိုလာဓါတ်အားပေးစနစ် တွဲဖက်တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေမှ ခွင့်ပြုငွေဖြင့် ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်း၌ ဆောင်ရွက်လျက်ရှိသော  နေရောင်ခြည်စွမ်းအင်သုံး ဆိုလာဓါတ်အားပေးစနစ် တွဲဖက်တပ်ဆင်ခြင်းလုပ်ငန်း ဆောက်ရွက်နေမှု၊ တည်ဆောက်ပြီးစီးမှုနှင့် လုပ်ငန်းများ စတင်စမ်းသပ်လည်ပတ်နေမှု အခြေအနေများကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းနှင့် တာဝန်ရှိသူများက ဒီဇင်ဘာ ၆ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရေစကြိုမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနား ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း မြတမာအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီ အချိန်က (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား ကျင်းပသည်။

တောင်တွင်းကြီးမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပေလေးပင်ခန်းမတွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး

(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် RCC တစ်ထပ် ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် မကွေးမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းရှိ အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

စလင်းမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို စလင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မိုးလုံလေလုံအားကစားရုံအတွင်း၌ ယမန်နေ့  နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မကွေးမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် မကွေးမြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်နှင့်ဇနီး၊ ဌာနချုပ်မှူး၊ အနောက်ပိုင်းတိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးချုပ်ထွန်းဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊  တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူးများ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

မြို့သစ်တွင် (၁ဝ၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား ကျင်းပ

 မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားပွဲကို ယမန်နေ့နံနက် (၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (ရတနာခန်းမ)၌ ကျင်းပသည်။

ဆိပ်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းသား/ကျောင်းသူဟောင်းတို့၏ (၂၄) ကြိမ်မြောက် အာစရိယပူဇော်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း၌ တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့်အငြိမ်းစား ဆရာကြီး/ဆရာမကြီးများကို ကျောင်းသား/ကျောင်းသူဟောင်းများက (၂၄) ကြိမ်မြောက် အာစရိယပူဇော်ပွဲကို ယမန်နေ့(အမျိုးသားအောင်ပွဲနေ့) နံနက် ၈ နာရီက ဆိပ်ဖြူ(အ.ထ.က) ရွှေရတု ဓမ္မာရုံ၌ ကျင်းပပူဇော်ခဲ့သည်။

(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား ဆိပ်ဖြူမြို့နယ်၌ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီက ဆိပ်ဖြူ(အ.ထ.က)ကျောင်း နဝရတ်ခန်းမ၌ ကျင်းပသည်။
Subscribe to မကွေးတိုင်းဒေသကြီး