မကွေးတိုင်းဒေသကြီး

စေတုတ္တရာမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစမ်းသပ်စစ်‌ဆေးကုသပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို‌ ယနေ့နံနက် (၁၀) နာရီခွဲက စေတုတ္တရာမြို့နယ် မိခင်နှင့်က‌လေးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး, နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်အချိန်က ပန်းပျိုးသူဘော်ဒါကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော စားတော်ပဲဧကအားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော စားတော်ပဲဧကအားလုံး ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပခုက္ကူမြို့နယ်၌ အပူဒဏ်အန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ အပူဒဏ်အန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ကြသည်။

အောင်လံမြို့နယ်၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်နိုင်ရေး လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် အောင်လံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဂန့်ဂေါမြို့တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ ကျောတိုက်ရပ်ကွက်ရှိ မြစ်သာခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများကို နွေစပါးနှင့် ဆီထွက်သီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရန် ပြည်တွင်းထုတ် ဒီဇယ်ဆီ တစ်ဂါလန် ငွေကျပ် တစ်သောင်းနှုန်းဖြင့် ဆက်လက် ဖြန့်ဖြူးရောင်းချပေး

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့နှင့်ပူးပေါင်း၍ ပြည်တွင်းထုတ် ဒီဇယ်ဆီများကို တစ်ဂါလန် ငွေကျပ် တစ်သောင်းနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပွင့်ဖြူမြို့နယ်အတွင်းရှိ တောင်သူများ နွေစပါးနှင့် ဆီထွက်သီးနှံများ အချိန်မီ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရန်  လယ်ယာလုပ်ငန်းခွင်အရောက် ဆက်လက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိသည်။

ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ပန်းနှမ်း ဧကအားလုံး ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ပန်းနှမ်းဧကအားလုံး ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နတ်မောက်မြို့နယ် ရွှေ့ကွေ့ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ(၁၂) ကြိမ်မြောက် စက်ဝန်းထုတ်ချေးပေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ ရွှေကွေ့ကျေးရွာ၌(၁၂)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေများပြန်လည်ထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

မြို့သစ်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်မီးသတ်ဦးစီးဌာနက ပြည်သူများမီးပေါ့ဆမှုမရှိစေရန်နှင့် မီး‌လောင်မှုလျှော့နည်းပပျောက်စေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးခြင်းကို မြို့သစ်မြို့နယ်၊ မြို့ပေါ်(၅)ရပ်ကွက်၌ ယမန်နေ့နေ့လည်ပိုင်းက ဆောင်ရွက်သည်။
Subscribe to မကွေးတိုင်းဒေသကြီး