ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများကို နွေစပါးနှင့် ဆီထွက်သီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရန် ပြည်တွင်းထုတ် ဒီဇယ်ဆီ တစ်ဂါလန် ငွေကျပ် တစ်သောင်းနှုန်းဖြင့် ဆက်လက် ဖြန့်ဖြူးရောင်းချပေး

ပွင့်ဖြူ ဧပြီ ၂၁

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့နှင့်ပူးပေါင်း၍ ပြည်တွင်းထုတ် ဒီဇယ်ဆီများကို တစ်ဂါလန် ငွေကျပ် တစ်သောင်းနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပွင့်ဖြူမြို့နယ်အတွင်းရှိ တောင်သူများ နွေစပါးနှင့် ဆီထွက်သီးနှံများ အချိန်မီ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရန်  လယ်ယာလုပ်ငန်းခွင်အရောက် ဆက်လက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိသည်။

ထိုသို့ ရောင်းချပေးရာတွင် မြို့နယ်အဆင့်လုပ်ငန်းကြီးကြပ်မှုအဖွဲ့မှ ဦးဆောင်၍ ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ် နွေသီးနှံ စိုက်ပျိုးရာသီတွင် နွေစပါးနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးရေးအတွက် မြေယာပြုပြင်ရန် ကျန်ရှိသော ဒေသခံတောင်သူများကို တစ်ဧကလျှင် စက်သုံးဆီ တစ်ဂါလန်နှုန်းဖြင့် ပြည်တွင်းထုတ်ဒီဇယ်ဆီများကို တစ်ဂါလန် ငွေကျပ် တစ်သောင်းဈေးဖြင့် စနစ်တကျ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ပြည်တွင်းထုတ် ဒီဇယ်ဆီများကို ယနေ့နံနက်ပိုင်းတွင် ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာ၊ ကျွဲတိကျေးရွာ၊ ကန်ပြည့်ကျေးရွာဥယျာဉ်ကျစ်ကျေးရွာလက်ပနွယ်‌ကျေးရွာ၊ မဒဲကျေးရွာ၊ ကျောင်းကုန်းကြီးကျေးရွာသမန်းရင်းကျေးရွာနှင့် မုန်းဇလဲ ကျေးရွာသို့ သွားရောက်၍ သတ်မှတ်စုရပ်နေရာများ၌ ဒေသခံတောင်သူများ လက်ဝယ်အရောက် လက်ငင်းငွေးချေစနစ်ဖြင့် စုစုပေါင်း ပြည်တွင်းထုတ် ဒီဇယ်ဆီ ၆၃၃၁ ဂါလန်အား သင်သာသော ဈေးနှုန်းဖြင့် ဆက်လက် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တောင်သူများကို စက်သုံးဆီအခက်အခဲ လျော့နည်းသက်သာစေရေးနှင့် ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူ ဝယ်ယူရရှိနိုင်ရေးအတွက် ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးနှင့် ဆီထွက်သီးနှံများ ထွန်ယက်စိုက်ပျိုးနိုင်ရန် ပြည်တွင်းထုတ်ဒီဇယ်ဆီများ တစ်ဂါလန်လျှင် ငွေကျပ် (၁၀,၀၀၀) နှုန်း လက်ငင်းငွေချေစနစ်ဖြင့် လယ်ယာလုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )