ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

ပွင့်ဖြူမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်ပို့ချ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုးချဲ့ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို ဇူလိုင် ၄ ရက် ၊ နံနက် ၉ နာရီခွဲက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ပြင်ဦးလွင်မြို့တွင် “ပိုးစာပင်ကိုင်း ဖြတ်ခြင်း”‌ တောင်သူပညာပေးကွင်းသရုပ်ပြပွဲအခမ်းအနား ကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲ၊ ပိုးသုတေသနနည်းပညာဖွံ့ဖြိုးရေးဗဟိုဌာနမှ “ပိုးစာပင်ကိုင်း ဖြတ်ခြင်း” တောင်သူပညာပေးကွင်းသရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က ပိုးသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာန၊ ရပ်ကွက်ကြီး(၆)၊ နန္ဒာလမ်း၌ကျင်းပပြုလုပ်သည်။

ရေကြည်မြို့နယ် ကြက်ခြေနီအသင်းခွဲက ရှေးဦးပြုစုခြင်း သိကောင်းစရာဟောပြောပွဲနှင့် သင်တန်းဆင်းပွဲအခမ်းအနားကျင်း

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရေကြည်မြို့နယ်ကြက်ခြေနီအသင်းခွဲက ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာဟောပြောပွဲနှင့် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲအခမ်း အနားကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဖျာပုံမြို့၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင် ပြသဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖျာပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ ကာယ၊ ဥာဏ၊ စာရိတ္တဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နေ့လယ်(၁)နာရီအချိန်က အမှတ်(၁၉)ရပ်ကွက်၊ အ.လ.က(၂)ကျောင်း သဇင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ကလိန်အောင်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်မျာငှားရမ်း ပေးလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြင့်မား‌စေရန် ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင်များ စာအုပ်စာပေများကို လွယ်လင့်တကူဖတ်ရှုနိုင်စေရန်အတွက် အမှတ် (၃) ရပ်ကွက်အတွင်းရှိပြည်သူများနှင့် မီးသတ်ဦးစီးဌာနရုံးသို့ Mobile စနစ်ဖြင့စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ မွန်းလွဲ (၁) နာရီက သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ် မီသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များသို့ ရေးများ(အခမဲ့)လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များသို့ ရေများ(အခမဲ့) လှူဒါန်းခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့တွင် ကျေးရွာစာကြည့်များပြန်လည်ရှင်သန်စေရေး ကျေးရွာအုပ်ချုပ်မှူးများဖြင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျေးရွာစာကြည့်တိုက်များပြန်လည်ရှင်သန်စေရေး ရပ်ကျေးအုပ်ချုပ်ရေးမှူးများဖြင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၂:၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်တွင် အချိန်မီစိုက်ပျိုးနိုင်ရေး မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယမန်နေ့က မြို့နယ်မြန်မာ့လယ်ဖွံ့ဖြိုးရေးဘဏ်(ခွဲ)တွင် စတင်ထုတ်ချေးပေးလျက်ရှိရာ ကုလားဘီကျေးရွာမှ မိုးစပါးစိုက်တောင်သူ(၄၈)ဦးတို့၏ စိုက်ဧက(၂၇၉)ဧကအတွက် လေးရာတစ်ဆယ့်ရှစ်သိန်းငါးသောင်းကျပ် ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

ပညာရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၄-ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ 

ပညာရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၄-ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကို မေလ ၂၀ ရက် နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။

ကျိုင်းတုံမြို့ နှင်းဆီရွှေဆိုင်ကို သေနတ်ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများ ဓားပြတိုက်၊ လုယက်ယူဆောင်သွားသူများအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ် (၂) ရပ်ကွက်၊ လွိုင်မွေလမ်း၊ နှင်းဆီရွှေဆိုင်ကို မေ ၁၄ ရက် ညနေ ၆ နာရီခွဲခန့်က နှာခေါင်းစည်း (Mask) များ တပ်ဆင်ထားသည့် လူငယ်သုံးဦး (Click) ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်၍ ဆိုင်အတွင်း မှန်ဘီရိုအား ရိုက်ခွဲကာ ရွှေထည်ပစ္စည်းများ ဓားပြတိုက်၊ လုယက်ယူဆောင်သွားသူများကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိကြောင်းသိရသည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ