မင်းလှမြို့၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီ အကြိုသစ်ပင်စိုက်ပျိုးပွဲပြုလုပ်

မင်းလှ မေ ၃၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်သစ်တောဦးစီးဌာန၏ ၂၀၂၅ ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကို သရက်တပင်အုပ်စု၊ ဂွေးတောက်ကုန်းကျေးရွာ၌ မေလ ၃၀ ရက် နံနက် ၈ နာရီချိန်က ပြုလုပ်ခဲ့သည်။

သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးတင့်ထူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးရန်နိုင်အောင်၊မြို့နယ်သစ်တောဦးစီးဌာန  ဦးစီးအရာရှိ ဦး‌ကျော်မျိုးမင်းတို့က သစ်ပင်စိုက်ပျိုးမည့်တာဝန်ရှိသူများထံ ပျိုးပင်များပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြိုနယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ပိ‌တောက်၊ မန်ဂျန်ရှား စုစုပေါင်းပျိုးပင် (၁၀၀၀) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။

ပေါက်စ(မင်းလှ)